တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ( ၂၀၂၃-၂၀၂၇ )၏ စတုတ္ထနှစ်မဟာဗျူဟာ လုပ်ငန်းအစီအစဉ် ( ၂၀၂၆ )အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ဆွေးနွေး ဟောပြောပွဲကို ( ၂၄-၈-၂၀၂၆ )ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်တရားရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ၊ ပြည်နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများ၊ လွိုင်ကော်တက္ကသိုလ် ဥပဒေပညာဌာနမှ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။