သတင်းများ

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း ရေစက်သွန်းချမင်္ဂလာအခမ်းအနားပြုလုပ်ခြင်း
Post Image Post Image Post Image Post Image

              ( ၃၀-၁၀-၂၀၂၆ )ရက်(သောကြာနေ့)၊ နံနက်(၉း၃၀)နာရီအချိန်တွင် လွိုင်ကော် မြို့နယ်တရားရုံးအစည်းအဝေးခန်းမ၌ ကယားပြည်နယ်တရားလွှတ်တော်နှင့် ခရိုင်/ မြို့နယ်တရားရုံးများမှ တရားရေးမိသားစုတို့က သံသရာဝဋ်ဆင်းရဲအပေါင်းတို့မှ လွတ်မြောက်စေရန် စိတ်ရည်သန်၍ ဝါဆိုဝါကပ်တော်မူသော သံဃာတော် အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ မြတ်သော ကာလဒါနဖြစ်သည့် ကထိန်လျာသင်္ကန်းနှင့်ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့အား ဆက်ကပ်လှူဒါန်းပြီး ကထိန်လျာအနုမောဒနာတရားတော်မြတ်ကို အတူတကွနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။