ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ချယ်ရီခင်အား ကယားပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၃ခုနှစ်၊ မတ်လ (၁၃) ရက်နေ့တွင် ခန့်အပ်ခဲ့ပါသည်။ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ချယ်ရီခင်သည် ယခင်က ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် ကယားပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ချယ်ရီခင်ကို ၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၄င်းသည် ၁၉၈၅ ခုနှစ်တွင် ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ဒေါ်ချယ်ရီခင်သည် ၁၉၈၈ ခုနှစ်တွင် တရားရေးအရာရှိအဆင့် (၄) အဖြစ် တရားရေးဌာနတွင် စတင်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း လုပ်သက် (၃၈) နှစ်ကျော် တရားရုံးအဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်ချယ်ရီခင်သည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်ပါသည်။