သတင်းမီဒီယာကျွမ်းကျင်မှု ( Media Skills ) ဆင့်ပွားသင်တန်း ကျင်းပပြုလုပ်ခြင်း
ကယားပြည်နယ်တရားလွှတ်တော်မှ ကြီးမှူးဖွင့်လှစ်သော ကယားပြည်နယ် အတွင်းရှိ တရားရေးအရာရှိများအား သတင်းမီဒီယာကျွမ်းကျင်မှု ( Media Skills ) ဆင့်ပွား သင်တန်း ဖွင့်ပွဲအခမ်းအနားကို ( ၁၉-၈-၂၀၂၆ ) ရက်နေ့ ( ဗုဒ္ဓဟူးနေ့ ) နံနက် ( ၉း၀၀ ) နာရီ အချိန်တွင် ကယားပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါသင်တန်းသို့ ကယားပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးတို့မှ သင်တန်း သား အရာရှိ စုစုပေါင်း ( ၈ ) ဦး တက်ရောက်ခဲ့ပါသည်။