တရားလွှတ်တော်

တရားသူကြီး ဒေါ်သိန်းသိန်းနှင်း

        ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်သိန်းသိန်းနှင်းအား ကယားပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ခန့်အပ်ခဲ့ပါသည်။ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်သိန်းသိန်းနှင်းသည် ယခင်က ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တွင် တိုင်းဒေသကြီးတရားရေးဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်သိန်းသိန်းနှင်းကို ၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၄င်းသည် ၁၉၈၅ ခုနှစ်တွင် ဥပဒေဘွဲ့ကို ရရှိခဲ့ပါသည်။ ဒေါ်သိန်းသိန်းနှင်းသည် ၁၉၈၆ ခုနှစ်တွင် တရားရေးအရာရှိအဆင့် (၄) အဖြစ် တရားရေးဌာနတွင် စတင်ဝင်ရောက်ခဲ့ပြီး စုစုပေါင်း လုပ်သက် (၃၉) နှစ်ကျော် တရားရုံး အဆင့်ဆင့်တွင် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါ်သိန်းသိန်းနှင်းသည် အိမ်ထောင်မရှိသူတစ်ဦးဖြစ်ပါသည်။