သတင်းများ

( ၃၁ ) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ
Post Image Post Image Post Image

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၃၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ကယားပြည်နယ်           တရားလွှတ်တော်နှင့် ပြည်နယ်တရားရေးဦးစီးမှူးရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးများမှ ၀န်ထမ်းများနှင့်အလှူရှင်အသီးသီးတို့၏         စုပေါင်းဘုံကထိန် ပဒေသာပင်အား ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးဒေါ်သန်းသန်းအေးနှင့် ဒေါ်စဝ်ဥမ္မာကြည်၊ ပြည်နယ်တရားရေးဦးစီးမှူးဒေါ်အေးအေးလှိုင်နှင့် ပြည်နယ်တရားလွှတ်တော်၊ လွိုင်ကော်ခရိုင်တရားရုံးနှင့် လွိုင်ကော်မြို့နယ်                တရားရုံးတို့မှ အရာထမ်း၊ အမှုထမ်းများက လွိုင်ကော်မြို့၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက် ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။  

လွိုင်ကော်မြို့ 
၂၅.၁၁.၂၀၂၀