သတင်းများ

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရေစက်သွန်းချ မင်္ဂလာအခမ်းအနားပြုလုပ်ခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

                    ( ၁ - ၈ - ၂၀၂၆ )ရက်(စနေနေ့)၊ နံနက်(၉း၃၀)နာရီအချိန်တွင် ကယားပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကယားပြည်နယ်တရားလွှတ်တော်နှင့် ခရိုင်/ မြို့နယ် တရားရုံးများမှ တရားရေးမိသားစုတို့က သံသရာဝဋ်ဆင်းရဲအပေါင်းတို့မှ လွတ်မြောက်စေရန် စိတ်ရည်သန်၍ ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ မြတ်သော ကာလဒါနဖြစ်သည့် ဝါဆိုသင်္ကန်းနှင့်ဆွမ်းအစရှိသော လှူဖွယ်ဝတ္ထု အစုစုတို့အား ဆက်ကပ် လှူဒါန်း ရေစက်သွန်းချ မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။