သတင်းများ

( ၁၉ ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏

( ၁၉ ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်

( ၂၈ ) ချက်ကို ရှင်းပြ ဖြန့်ဝေခြင်းနှင့် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့်စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

**************************************

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၏

( ၁၉ ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်

( ၂၈ ) ချက်ကို ရှင်းပြ ဖြန့်ဝေခြင်း၊ လိုက်နာအကောင်အထည်ဖော်ကြရေးနှင့် တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့်စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကယားပြည်နယ်တရားလွှတ်တော် ရွှေကိန္နရီအစည်းအ​ဝေး

ခန်းမတွင် ၁၅.၁၂.၂၀၂၀ ရက်၊ နံနက် ၉:၃၀ အချိန်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ကယားပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်သန်းသန်းအေးနှင့် ဒေါ်စဝ်ဥမ္မာကြည်၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်အေးအေးလှိုင်၊ ကယားပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ပြည်နယ်အတွင်းရှိ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့်တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပါသည်။

၁၅.၁၂.၂၀၂၀
လွိုင်ကော်မြို့