သတင်းများ

ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ လွိုင်ကော်အကျဉ်းထောင် အားကြည့်ရှုစစ်ဆေး
Post Image Post Image Post Image

ကယားပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကျော်လင်းမောင်သည်(၁၈.၁၂.၂၀၂၀) ရက်နေ့၊ မွန်းလွှဲ ( ၁:၀၀ ) နာရီအချိန်တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ လွိုင်ကော်ခရိုင်တရားသူကြီး ဒေါ်မိုးမိုးမြင့်နှင့် လွိုင်ကော်မြို့နယ်တရားသူကြီး ဒေါ်အေမီဝင်းနိုင်တို့ လိုက်ပါပြီး လွိုင်ကော်အကျဉ်းထောင်သို့ သွားရောက်၍ ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူများ နှင့်ပတ်သက်ပြီး ဥပဒေပါ အခွင့်အရေးများ ရရှိခြင်းရှိ /မရှိ၊ နေရာထိုင်ခင်းသက်သာချောင်ချိမှုရှိ /မရှိ၊ သန့်ရှင်းမှုရှိ/ မရှိအာဟာရသင့်တင့်မျှတမှု ရှိ/ မရှိ၊ ကျန်းမာရေးပြည့်စုံမှုရှိ/ မရှိ၊ ဆေးကုသရန် အခွင့်အရေး ရှိ/ မရှိ၊အမျိုးသမီးအကျဉ်းသူများ အကာအရံလုံခြုံစွာထားရှိခြင်း ရှိ /မရှိနှင့် လူအခွင့်အရေးချိုးဖောက်မှုများ မရှိစေရေးတို့ကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။

လွိုင်ကော်မြို့
၁၈.၁၂.၂၀၂၀