သတင်းများ

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား
Post Image Post Image Post Image

ကယားပြည်နယ်တရားလွှတ်တော် ၂၀၂၁ခုနှစ်၊(၆၉)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကယားပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို(၁၅-၁-၂၀၂၁)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် ကယားပြည်နယ်တရားလွှတ်တော် ရွှေကိန္နရီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးကျော်လင်းမောင်မှ အဖွင့်အမှာစကားပြော ကြားပြီး ကယားပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်း ခံရသူများ ပြည်နယ်တရားသူကြီးချုပ်ဦးကျော်လင်းမောင်၊ ပြည်နယ်တရား သူကြီးဒေါ်သန်းသန်းအေး၊ ဒေါ်စဝ်ဥမ္မာကြည်နှင့် ပြည်နယ်တရားရေးဦးစီးမှူးဒေါ်အေးအေးလှိုင်တို့က အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ပါသည်။

လွိုင်ကော်မြို့
၁၅-၁-၂၀၂၁