သတင်းများ

၂၀၂၀ပြည့်နှစ်၊ကယားပြည်နယ်တရားလွှတ်တော် နှစ်စဉ်အစီရင်ခံစာ မိတ်ဆက်ရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအခမ်းအနား
Post Image Post Image Post Image

၂၀၂၀ပြည့်နှစ်၊ကယားပြည်နယ်တရားလွှတ်တော် နှစ်စဉ်အစီရင်ခံစာ မိတ်ဆက်ရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအခမ်းအနား ၂၀၂၀ပြည့်နှစ်၊ ကယားပြည်နယ်တရားလွှတ်တော်၂၀၂၀ပြည့်နှစ်၊ ကယားပြည်နယ်တရားလွှတ်တော်နှစ်စဉ် အစီရင်ခံစာမိတ်ဆက်ရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး ပွဲအခမ်းအနားအား ကယားပြည်နယ်တရားလွှတ်တော် ရွှေကိန္နရီ အစည်းအဝေးခန်းမတွင် (၁၄-၅-၂၀၂၁)ရက်နေ့ နံနက်(၁၀:၀၀)အချိန်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID19ကာကွယ် ထိန်းချုပ်၊တားဆီးရေးဆိုင်ရာ ညွှန်ကြားချက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်သည့် COVID19ကာကွယ်၊ထိန်းချုပ် တားဆီးရေးဆိုင်ရာညွှန်ကြားချက်များနှင့် အညီကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဦးခင်မောင်ဦး၊ ကယားပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးကျော်လင်းမောင်၊ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးအံ့မော်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ကယားပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဉီးစီးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကယားပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ကယားပြည်နယ်အတွင်းရှိခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ နှင့် တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပါသည်။

ကယားပြည်နယ်တရားလွှတ်တော်
၁၄-၅-၂၀၂၁