သတင်းများ

( ၇၃ ) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတက်ရောက် ဂါရ၀ပြု
Post Image

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ( ၁၉ ) ရက်နေ့တွင် ကျရောက်သည့် ( ၇၃ ) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားအား ကယားပြည်နယ်၊ လွိုင်ကော်မြို့ အာဇာနည်ကျောက်တိုင်ကွင်း၌ နံနက် ( ၈:၀၀ )နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဒေါ်သန်းသန်းအေးနှင့် ဒေါ်စဝ်ဥမ္မာကြည်၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်အေးအေးလှိုင်၊ တရားသူကြီးချုပ်ရုံး ရုံးအဖွဲ့မှူး ဒေါ်အေးအေးခိုင် နှင့် ပြည်နယ်အတွင်းရှိ တရားရေးအရာရှိများမှ တက်ရောက်၍ လွမ်းသူ့ပန်းခြင်းဖြင့် ဂါရ၀ပြုခဲ့ ပါသည်။