သတင်းများ

ကယားပြည်နယ်တရားလွှတ်တော်မှကြီးမှူးဖွင့်လှစ်သောတရားရုံးဝန်ထမ်းများအရည်သွေး မြှင့်သင်တန်းအမှတ်စဉ်၁/၂၀၂၂ဖွင့်ပွဲအခမ်းအနား
Post Image Post Image

ကယားပြည်နယ်တရားလွှတ်တော်မှကြီးမှူးဖွင့်လှစ်သောတရားရုံးဝန်ထမ်းများအရည်သွေး မြှင့်သင်တန်းအမှတ်စဉ်၁/၂၀၂၂ဖွင့်ပွဲအခမ်းအနားကို၂၅-၆-၂၀၂၂ရက်နေ့နံက်(၈း၃၀)နာရီ အချိန်တွင်ကယားပြည်နယ်တရားလွှတ်တော်ရွှေကိန္ဒရီခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာအခမ်း အနားသို့တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်သန်းသန်းအေး၊တရားလွှတ်တော်တရားသူကြီးဖြစ်သောဒေါ်စပ်ဥမ္မာကြည်နှင့်ဦးထွန်းထွန်းဦး၊ပြည်နယ်တရားရေးဦးစီးမှူး၊ခရိုင်နှင့်မြို့နယ်တရားသူကြီးများ၊တရားရေးအရာရှိများနှင့်သင်တန်းသား/သင်တန်းသူ(၁၂)ဦးတတ်‌ရောက် ခဲ့ပါသည်။အခမ်းအနားတွင်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်သန်းသန်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
၂၅-၆-၂၀၂၂
လွိုင်ကော်မြို့