သတင်းများ

( ၂၃ ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း
Post Image Post Image

( ၂၃ ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးထပ်ဆင့်ရှင်းလင်းခြင်း

***********************************

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၃ ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးထပ်ဆင့် ရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကယားပြည်နယ်တရားလွှတ်တော်၊  ရွှေကိန္နရီအစည်းအဝေးခန်းမတွင် ( ၂၅.၈.၂၀၂၂ ) ရက်နေ့ ၊ နံနက် ( ၉ : ၀၀ ) နာရီအချိန်၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ ကယားပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်သန်းသန်းအေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ ဖြစ်ကြသောဒေါ်စဝ်ဥမ္မာကြည် နှင့် ဦးထွန်းထွန်းဦး၊ပြည်နယ်တရားရေးဦးစီးမှူးဒေါ်ချယ်ရီခင်၊ ကယားပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ကယားပြည်နယ်အတွင်းရှိခရိုင်နှင့်မြို့နယ်တရားရုံးများမှ တရားသူကြီးများတက်ရောက်ခဲ့ကြပါသည်။

၂၅.၈.၂၀၂၂

လွိုင်ကော်မြို့