သတင်းများ

( ၂၄ ) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း
Post Image Post Image

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ ၊ခရိုင်တရားသူကြီးများ ( ၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့်စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

**************************************

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီးများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ ၊ခရိုင်တရားသူကြီးများ ( ၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းခြင်း၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေးနှင့်စပ်လျဥ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ကယားပြည်နယ်တရားလွှတ်တော် ရွှေကိန္နရီအစည်းအ​ဝေးခန်းမတွင် ၃.၃.၂၀၂၀ ရက်၊ နံနက် ၈:၃၀ အချိန်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထုတ်ပြန်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးသို့ ကယားပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်သန်းသန်းအေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသော ဒေါ်စဝ်ဥမ္မာကြည်နှင့်ဦးထွန်းထွန်းဦး၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ချယ်ရီခင်၊ ကယားပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ပြည်နယ်အတွင်းရှိ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့်တရားရေးအရာရှိများ တက်ရောက်ခဲ့ကြပါသည်။