သတင်းများ

လွိုင်ကော်မြို့နယ်တရားရုံးသစ် ဖွင့်လှစ်ခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image

လွိုင်ကော်မြို့နယ်တရားရုံးသစ် ဖွင့်လှစ်ခြင်း

                      လွိုင်ကော်မြို့နယ်တရားရုံး အဆောက်အဦသစ်ကို ၃၁ - ၃ - ၂၀၂၆ ရက်နေ့ နံနက် ၈နာရီအချိန်တွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါက်တာလှဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး ရုံးအဆောက်အဦနှင့် ရုံးအခန်းများအား လှည့်ပတ်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ မှာကြားခဲ့သည်။

                      ထိုနေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက လွိုင်ကော်မြို့နယ်တရားရုံး၌ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ တရားသူကြီးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ တရားရုံးဥပဓိရုပ်ကောင်းမွန်ရေးတို့ကို ဆွေးနွေးမှာကြားခဲ့သည်။

                      လွိုင်ကော်မြို့နယ်တရားရုံးသည် လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်း ဖက်တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့က မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ်သန်း ၄၇၀ ဖြင့် အလျား ၁၃၀ ပေ × အနံ ၅၀ ပေ အကျယ်အဝန်းရှိ RCC တစ်ထပ် အဆောက်အဦ (လွိုင်ကော်မြို့နယ်တရားရုံးသစ်)အား လည်းကောင်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ်သန်း ၁၆၅.၁၀၀ ဖြင့် အလျား ၃၀ ပေ × အနံ ၂၀ ပေ အကျယ်အဝန်းရှိ RCC နှစ်ထပ် (သက်သေခံပစ္စည်းထားသိုရန်အဆောက်အဦ) အား လည်းကောင်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ်သန်း ၁၇.၁၀၀ ဖြင့် တရားရုံးအချုပ်ခန်း ပြုပြင်ခြင်း လုပ်ငန်းအားလည်းကောင်း အသစ်ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။