ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ပြည်နယ်တရားရေးဦးစီးမှူး ဦးကိုကိုနိုင်၊ လွိုင်ကော်ခရိုင်တရားသူကြီး ဦးကျော်သူမိုး၊ လွိုင်ကော်မြို့နယ်တရားသူကြီး ဦးမျိုးသူရတို့နှင့်အတူ (၂.၆.၂၀၂၆)ရက်နေ့ နံနက် ၁၁ နာရီက လွိုင်ကော်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့အချုပ်ခန်းသို့ သွားရောက်၍ အချုပ်တရားခံများ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်မှု၊ နေရာထိုင်ခင်းသက်သာချောင်ချိမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံမှုရှိ/မရှိနှင့် ဆေးကုသရန် အခွင့်အရေးရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။