၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် သင်ထောက်ကူပစ္စည်းထောက်ပံ့ပေးအပ်ခြင်းကို (၂-၇-၂၀၂၆) ရက်နေ့တွင် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့က ကယားပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တရားရုံးများတွင် တာဝန်ထမ်းဆောင်ကြသည့် အမှုထမ်းများ၏ သား/သမီးများဖြစ်သည့် အခြေခံပညာအထက်တန်းအဆင့်(၄)ဦး၊ အလယ်တန်းအဆင့်(၄)ဦး၊ မူလတန်းအဆင့်(၁၀)ဦး၊ စုစုပေါင်း(၁၈)ဦးအတွက် သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ပါသည်။