ကယားပြည်နယ်တရားလွှတ်တော်၏ တရားရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းအမှတ်စဉ် - ၁/၂၀၂၆ ကို ( ၂၄-၆-၂၀၂၆ )ရက်နေ့၊ (၂၈-၆-၂၀၂၆ ) ရက်နေ့နှင့် (၁-၇-၂၀၂၆) ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၄-၆-၂၀၂၆) ရက်နေ့ နံနက် (၉း၀၀)နာရီ အချိန်တွင် ကယားပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပြီး သင်တန်းသို့ ပြည်နယ်တရားလွှတ်တော်၊ ခရိုင်နှင့် မြို့နယ်တရားရုံးများမှ သင်တန်းသူ/သင်တန်းသား စုစုပေါင်း (၁၅)ဦး တက်ရောက်ခဲ့ပါသည်။