ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နေပြည်တော်၌ (၁၄ - ၇ - ၂၀၂၆)ရက်နေ့မှ (၁၅-၇-၂၀၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေး ဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီး များ/ ခရိုင်တရားသူကြီးများ၏ ၃၁ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံများအား ( ၁၉ - ၇ - ၂၀၂၆ )ရက်နေ့၊ နံနက် (၉း၀၀)နာရီအချိန်တွင် ကယားပြည်နယ်တရားလွှတ်တော်၌ ကယားပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ပြည်နယ်အတွင်းရှိ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများရှိ တရားသူကြီးများအား ထပ်ဆင့်ရှင်းလင်းခဲ့ပါသည်။