ကယားပြည်နယ်တရားလွှတ်တော်မှ ကြီးမှူးကျင်းပသည့်ကယားပြည်နယ်အတွင်းရှိတရားရုံးဝန်ထမ်းများ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သည့် သား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို လွိုင်ကော်ခရိုင်တရားရုံး အစည်းအဝေးခန်းမ၌ ( ၂၀.၈.၂၀၂၀ )ရက် ၊ နံနက် ၁၀: ၃၀ နာရီ အချိန်တွင် ကျင်းပပါသည်။
အခမ်းအနားတွင် ကယားပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးကျော်လင်းမောင်က လွိုင်ကော်ခရိုင်တရားရုံးမှ အကြီးတန်းစာရေး ၀န်ထမ်းဒေါ်နော်မူဘာဖော၏ သမီးဖြစ်သူ မဆောင်းသရဖီဦး( မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) အားလည်းကောင်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်သန်းသန်းအေးက လွိုင်ကော်ခရိုင်တရားရုံးမှ အကြီးတန်းလက်နှိပ်စက်စာရေး ၀န်ထမ်းဒေါ်ရို့စ်လင်း၏သားဖြစ်သူ မောင်ဂျွန်စွမ်းရည်ပြည့်( သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ) အားလည်းကောင်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်စဝ်ဥမ္မာကြည်က မယ်စဲ့မြို့နယ်တရားရုံးမှ အကြီးတန်းစာရေး ၀န်ထမ်းဒေါ်ရိုစီထူး၏သမီးဖြစ်သူ မဆုမာန်နိုင် ( သင်္ချာ၊ ဇီဝဗေဒ) အားလည်းကောင်း၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်အေးအေးလှိုင်က လွိုင်ကော်မြို့နယ်တရားရုံးမှ ရုံးစောင့်၀န်ထမ်းဦးသာဦး၏သမီးဖြစ်သူ မတင်ဇာဦးအားလည်းကောင်း ဂုဏ်ပြုလက်မှတ်နှင့် ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြပါသည်။
ဆက်လက်၍ လွိုင်ကော်ခရိုင်တရားသူကြီး ဒေါ်မိုးမိုးမြင့်နှင့် လွိုင်ကော်မြို့နယ်တရားသူကြီး ဒေါ်အေမီဝင်းနိုင်တို့ကလည်း ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ပါသည်။
၂၀.၈.၂၀၂၀
လွိုင်ကော်မြို့