နိုင်ငံတစ်ဝန်းမှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှုခင်းစီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လုပ်ထုံး/စစ်ဆေးရေး၊ လေ့ကျင့်သင်ကြားရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တရားရေးဦးစီးမှူးများ၊ မှုခင်း စီမံခန့်ခွဲ မှုအစီအစဉ် ညှိနိုင်းရေးမှူးများသည် ၂၀၂၁ခုနစ်၊ဇန်နဝါရီလ ၁ ရက်နေ့တွင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်စတင်အကောင်အထည်ဖော်မည့် ခရိုင်တရားရုံး၂၁ရုံးနှင့်မြို့နယ်တရားရုံး၉ရုံးတို့မှ တရားသူကြီးများနှင့်အတူ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် အကောင်အထည် ဖော်ဆောင်ရွက်ရန် အတွက် ရှေ့လုပ်ငန်းစဥ်များကို Zoom Application အသုံးပြု၍ ၂၀၂၀ပြည့်နှစ်၊စက်တင်ဘာလ ၁၂ ရက်နေ့(စနေနေ့)တွင် နံနက်၉:၀၀နာရီမှ မွန်းလွဲ၁၇:၀၀နာရီထိ အစည်းအဝေး(Virtual Meeting)ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ကယားပြည်နယ်တရားရေးဦးစီးမှူး၊ မှုခင်းစီမံခန့်ခွဲမှုအစီအစဥ် ညှိနိုင်းရေးမှူး နှင့် ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မှုခင်းစီမံခန့်ခွဲမှုအစီအစဥ် စတင်အကောင်အထည်ဖော်မည့် ခရိုင်တရားရုံးတစ်ရုံးနှင့်မြို့နယ်တရားရုံး ၂ ရုံး ရှိ အရာထမ်း၊ဝန်ထမ်းများ တက်ရောက်ကြပါသည်။
